Google Visitor Experience

စိတ်ကူးဉာဏ်ရှိသော အနုပညာမှ စိတ်ကူးစိတ်သန်းရယူပါ

The public art at the Google Visitor Experience pays homage to community, innovation, and sustainability. Inside the Google Store, Cafe, and the Huddle, you’ll find artworks from local artists who are a part of Google’s Artist in Residence program. Outdoors, explore life-sized art pieces facilitated by Burning Man Project, with input from the local community.

လဟာပြင်အနုပညာ
တည်ဆောက်သရုပ်ဖော်မှုများ

ပြင်ပကွက်လပ်ရှိ အနုပညာလက်ရာများကို သိလိုစိတ်ဖြင့် ထိတွေ့၊ ပါဝင်ကာ စူးစမ်းလေ့လာရန်အတွက် သင့်အား ဖိတ်ကြားပါသည်။ Burning Man Project ၏ ပံ့ပိုးမှုဖြင့် ပြန်လှန်တုံ့ပြန်ပြီး စိတ်ကူးဉာဏ်ရှိသော အနုပညာလက်ရာ ခြောက်ခုပါသည့်အဖွဲ့ကို ဒေသဆိုင်ရာ Mountain View ကွန်မြူနတီနှင့် ပူးတွဲလုပ်ကိုင်ရန် ရွေးချယ်ထားသည်။ အနုပညာလက်ရာ အပြင်အဆင်များမှ စိတ်ကူးရယူထားသော ဤစုဝေးပွဲကြီးတွင် ကလေးဘဝ၏ စွန့်စားခန်းနှင့် စူးစမ်းလိုစိတ်အကြောင်း ကွန်မြူနတီဇာတ်လမ်းများကို နားထောင်ခဲ့ပါသည်။ လူများက အထင်ကရနေရာများဖြင့် တွက်ချက်တတ်ပုံကို လေ့လာခဲ့သည်။ ပျော်မြူးစရာ အတွေ့အကြုံများကို အမှန်တကယ် လိုလားကြကြောင်း ကြားခဲ့ပါသည်။ ဤလဟာပြငအနုပညာ နေရာအသစ်သည် ပြန်လှန်တုံ့ပြန်ပြီး ပြောင်းလဲနိုင်သော အနုပညာမှတစ်ဆင့် သာမန်ရင်းနှီးမှုများကို ပိုတိုးစေပြီး လူသားချင်းချိတ်ဆက်မှုများ ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ပါသည်။

မိုးလုံလေလုံ အနုပညာ
စုစည်းမှု

Google ၏ Artist in Residence အစီအစဉ်သည် ကျွန်ုပ်တို့ နေထိုင်လုပ်ကိုင်ရာ ကွန်မြူနတီအတွင်း တီထွင်ဖန်တီးမှုကို စေ့ဆော်သည့် မရှိမဖြစ် တီထွင်သူများအဖြစ် အနုပညာရှင်များကို အသိအမှတ်ပြုသည်။ ကမ္ဘာအနှံ့မှ Google ၏နေရာများတွင် မူရင်းအနုပညာလက်ရာများကို ဖန်တီးရန်အပြင် ကွန်မြူနတီ တည်ဆောက်ခြင်း၊ တီထွင်ဖန်တီးမှု စေ့ဆော်ခြင်း၊ ဆန်းသစ်တီထွင်မှု မြှင့်တင်ခြင်းဟူသော အစီအစဉ်၏ရည်မှန်းချက်များကို ချဲ့ထွင်ရှင်းပြသည့် Google Visitor Experience ကဲ့သို့သော နေရာများတွင် ၎င်းတို့၏ အနုပညာလက်ရာကို ချပြရန်အတွက် အနုပညာရှင်များအား လုပ်ငန်းအပ်နှံပါသည်။ Cafe၊ Huddle နှင့် Google Store ရှိ Artist in Residence အနုပညာလက်ရာကို Google Visitor Experience တွင် တွေ့နိုင်သည်။ ပင်လယ်အော်ဒေသမှ ဖြစ်ကြသော Kelly Ording၊ John Patrick Thomas၊ Miguel Arzabe နှင့် Angelica Trimble-Yanu စသည့် အနုပညာရှင်များ ပါဝင်သည်။