Gradient Canopy တွင် International Living Future Institute (ILFI) Living Building Challenge (LBC) Materials Petal လက်မှတ်ရရှိထားပြီး အဆိပ်အတောက်မဖြစ်သော ပစ္စည်းများနှင့် ဂေဟစနစ် အားအင်သစ်ပြန်ပေးသော ပစ္စည်းများ ပေါင်းစပ်ရန် နည်းလမ်းများရှာဖွေခြင်းသည် အဓိကလုပ်ငန်းဖြစ်သည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် သစ်သားမှ ပြန်လည်ထုတ်လုပ်နိုင်သော၊ ကာဗွန်ခွဲထုတ်သော ဂုဏ်သတ္တိများကို ဖော်ထုတ်ရန် အဆောက်အအုံတွင် ရေရှည်တည်တံ့မည့်ရင်းမြစ်မှရသော သစ်သားအမြောက်အမြားကို ပေါင်းစပ်ရန်နည်းလမ်းများ ရှာဖွေထားပါသည်။
သစ်သားထုပြားသည် ရိုးရာအတိုင်း တည်ဆောက်သော နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ကာဗွန်ပါဝင်မှုကို လျှော့ချနိုင်သော နည်းလမ်းဖြစ်ပြီး သစ်သားများကို ဖိသိပ်ကာ တိုင်၊ ထုပ်တန်း၊ နံရံ၊ ကြမ်းခင်း၊ ခေါင်မိုးများပြုလုပ်သည့် ဆောက်လုပ်ရေးနည်းစနစ်တစ်ခုဖြစ်သည်။ နောက်ဆုံးတွင် အဆောက်အအုံ အတွင်း၌ သစ်သားထုပြားကို သိသာထင်ရှားစွာ မြင်လာရပြီး ဤနေရာမှ လေ့လာထားရှိသည်များကို Google ရှိ အခြားဆောက်လုပ်ရေး ပရောဂျက်များထံသို့ အသိပေးပါသည်။
သစ်သားထုပြား၏ သဘာဝနှင့် လိုက်လျောညီထွေရှိသော အရည်အသွေးများမှတစ်ဆင့် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သော၊ ကုန်ထုတ်စွမ်းအား ပိုကောင်းစေသော၊ အမြင်အားဖြင့် စိတ်ခွန်အားဖြစ်စေသော အလုပ်နေရာကို ဖြစ်စေခြင်းတို့ကြောင့် သူ့စွမ်းဆောင်ရည်ကို အချိန်အတန်ကြာ စိတ်ဝင်စားခဲ့ကြသည်။ သဘာဝနှင့် လိုက်လျောညီထွေရှိခြင်း သည် လူများရှင်သန်နေထိုင်သော နေရာများ ပြုလုပ်ရန် ဒီဇိုင်းကို သဘာဝနှင့် ပေါင်းစပ်ခြင်းဖြစ်သည်။ အဆောက်အအုံအတွင်း မြင်သာသော သစ်အစိတ်အပိုင်းများကို ပေါင်းစည်းခြင်းဖြင့် ဆီဆေး၊ ရေဆေးများသုတ်ခြင်းတို့ကဲ့သို့ အပိုဆောင်းပစ္စည်းများ လိုအပ်ချက်ကို လျှော့ချပေးသည့်အပြင် လူများအိမ်တွင်းရှိနေစဉ်ပင် သဘာဝနှင့် လိုက်လျောညီထွေဖြစ်မှုကို ခံစားရစေသည်။ Gradient canopy ၏ ဒီဇိုင်းကို စတင်သောအချိန်၌ အဆောက်အအုံ၏ ဖွဲ့စည်းပုံတစ်ခုလုံးကို သစ်သားထုပြားဖြင့် ဆောက်လုပ်ရန် စတင်လေ့လာခဲ့ပြီး လိုအပ်သော အရှည်အတိုင်းအထွာရရန် မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် အဆောက်အအုံအတွင်းရှိ ဖွဲ့စည်းပုံအစိတ်အပိုင်းအချို့အတွက် သစ်သားနှင့် ပေါင်းစပ်တည်ဆောက်နိုင်ခဲ့သည်။
Gradient Canopy တွင် သစ်သားထုပြား အစိတ်အပိုင်းများသည် ကြက်ခြေခတ် ထပ်ထားသောသစ်သား (CLT) အုပ်စုဝင်ဖြစ်ပြီး ၎င်းသည် လူလုပ်သစ်ခွဲသားဖြစ်ကာ ဖွဲ့စည်းမှုအရ ပိုမိုတောင့်တင်းခိုင်မာမှု ရရှိရန် အချောသတ် သစ်အလွှာများကို ကော်ကပ်ထားခြင်းဖြစ်သည်။ ဒုတိယထပ် ကွန်ကရစ်ကြမ်းပြင်အတွက် CLT ကို ဖောင်းကွက် (ကွန်ကရစ်သွန်းလောင်းရန် ပုံစံခွက်) အနေနှင့် စတင်အသုံးပြုပြီး ပေါင်းစပ်ထားသော ခံနိုင်အားကို ပေးသည်။ ကွန်ကရစ်ခဲပြီးနောက် ၎င်းကို ထုံးစံအတိုင်း ဖယ်ရှားပြီး စွန့်ပစ်မည့်အစား CLT ကို မြေညီထပ်နေရာတွင် မြင်ရသော သစ်သားမျက်နှာကြက်အနေဖြင့်၊ ဝင်းအတွင်းပိုင်း အကာအရံအနေဖြင့် ဆက်လက်ထားရှိသည်။ အဆောက်အအုံတစ်ခုလုံးရှိ တံခါးနှင့် တံခါးဘောင်များအတွက်၊ အထူးသဖြင့် အစည်းအဝေးအခန်းငယ်များ၊ အစည်းအဝေးခန်းမကျယ်များအတွက် သစ်သားကို သုံးသည်။ ၎င်းတို့အတွက် အဖွဲ့သည် ပစ္စည်းထောက်ပံ့သူနှင့် တွဲဖက်လုပ်ကိုင်ကာ တံခါးတပ်ဆင်မှုတစ်ခုလုံးအတွက် ကြေညာချက်လေဘယ်လ် အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့သည်။ ၎င်းက ကျန်းမာရေးနှင့်ညီညွတ်သော အိမ်အတွင်းပိုင်း ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက် ပိုမိုလုံခြုံသော ဓာတုပစ္စည်းကို ဖော်ပြသဖြင့် ဆောက်လုပ်ရေးပစ္စည်းများ ဦးစားပေးရွေးချယ်နိုင်ရန် ကူညီပေးသည်။