Gradient Canopy ရှိ Google Visitor Experience တွင် Google ယဉ်ကျေးမှု၏ အရေးကြီးသော မျက်နှာစာတစ်ရပ်ကို အများပြည်သူက ပထမဆုံးအကြိမ်အဖြစ် ဝင်ကြည့်နိုင်ပါမည်- ၎င်းမှာ ကျွန်ုပ်တို့၏ အစားအသောက်အစီအစဉ်ဖြစ်သည်။ Cafe @ Mountain View အသစ်သည် ကွန်မြူနတီက အစားအသောက်ဝယ်ယူနိုင်၊ ကမ္ဘာကြီးကို ပံ့ပိုးပေးရာတွင် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ရေးဦးစားပေးများ၊ လမ်းညွှန်ချက်များကို မျှဝေနိုင်သည့် ပထမဆုံးသော အများပြည်သူစားသောက်ရာ နေရာဖြစ်သည်။
၁၉၉၉ ခုနှစ်မှစပြီး ကျွန်ုပ်တို့၏ အစားအသောက်အစီအစဉ်သည် Google ၏ ယဉ်ကျေးမှုများဖြစ်သည့် တီထွင်ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်မြူနတီတို့ကို မြေတောင်မြှောက်ရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့သည်။ ဖော်ရွေ၍ ပျော်စရာကောင်းသောနေရာများတွင် အရသာရှိပြီး အာဟာရပြည့်ဝသော အစားအစာကို တည်ခင်းခြင်းဖြင့် ကျွန်ုပ်တို့သည် လူသားချင်းချိတ်ဆက်မှုနှင့် စိတ်ကူးများဖလှယ်မှုကို ပံ့ပိုးပေးရန် လုပ်ဆောင်သည်။ ကျွန်ုပ်တို့၏ အစားအစာများသည် မရေမတွက်နိုင်သော တီထွင်ဆန်းသစ်မှုများ ပေါ်ပေါက်စေရန် စိတ်ကူးပေးခဲ့သည် — ၎င်းတွင် ကျွန်ုပ်တို့၏ စားသောက်ဆိုင်လေးတစ်ခုရှိ နေ့လယ်စာ စကားဝိုင်းမှ ပေါက်ဖွားလာသော Gmail ပါဝင်သည်။
Google ၏ အစားအသောက်အစီအစဉ်သည် အသိုင်းအဝိုင်းကို အမြဲအဓိကဦးတည်ရာတွင် ကျွန်ုပ်တို့၏ ပရဝဏ်များတွင် ထုတ်လုပ်ခြင်းအပြင် အစားအစာ ရယူရေးနှင့် ပြင်ဆင်ရေးမှတစ်ဆင့် ပိုမိုကျယ်ပြန့်သော ဒေသများနှင့် ချိတ်ဆက်ခြင်း နှစ်မျိုးစလုံး ပါဝင်သည်။ ကျွန်ုပ်တို့၏ အချက်အခြာကျသော အချက်အပြုတ်ဆိုင်ရာ စည်းမျဉ်းတစ်ခုမှာ အသိုင်းအဝိုင်းကို စောင့်ရှောက်ရန်ဖြစ်ပြီး အစားအစာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ရွေးချယ်လိုက်သောအရာများသည် Google အတွင်း၊ အပြင်၌ ဂယက်ရိုက်ခတ်မှုရှိကြောင်း ကျွန်ုပ်တို့နားလည်သည်။ ကျွန်ုပ်တို့ပြုလုပ်လိုက်သော မီနူးများမှစ၍ အစားအစာဝယ်ယူသည့်နေရာအလယ် ၎င်းကိုပြင်ဆင်နည်းအဆုံး ကျွန်ုပ်တို့၏အစားအသောက်အစီအစဉ်သည် ဒေသတွင်း ပစ္စည်းထောက်ပံ့ရေးကွင်းဆက်များနှင့် ပိုမိုကျယ်ပြန့်သော ကျွန်ုပ်တို့၏ကမ္ဘာအပေါ်တွင် သက်ရောက်မှုကောင်း မည်သို့ပြုလုပ်နိုင်ကြောင်း ကျွန်ုပ်တို့ အမြဲမပြတ် စဉ်းစားပါသည်။
ကျွန်ုပ်တို့၏ အစားအသောက်အစီအစဉ်သည် ပြောင်းလဲမှုကောင်းများကို မျိုးစေ့ချရန်၊ အနာဂတ်တွင် ပိုမိုကောင်းမွန်သော အစားအစာစနစ်များအတွက် လမ်းခင်းပေးရန် ပူးပေါင်းဆောင်ရွက်မှုများ၊ ရေရှည်တည်တံ့ရေး ကနဦးလုပ်ငန်းများကို ကြိုတင်စီစဉ်ရာ၌ ဦးဆောင်သည်။ ကျွန်ုပ်တို့၏ အချက်အပြုတ်ပညာရှင်များသည် ဒေသတွင်း ပစ္စည်းပေးသွင်းသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကြောင့် ဒေသတွင်းနှင့် ရာသီအလိုက် ပါဝင်ပစ္စည်းများကို စိတ်ကူးရယူထားသော ဟင်းပွဲများ စီစဉ်နိုင်သည်။ ကျွန်ုပ်တို့သည် ပါဝင်ပစ္စည်းပေးသွင်းသူများကို သေချာစွာ စိစစ်ပြီး ရေရှည်တည်တံ့မှု၊ မတူကွဲပြားသော လုပ်ငန်းပိုင်ဆိုင်မှု၊ အသိုင်းအဝိုင်းကို မြှင့်တင်မှုအပါအဝင် ကျွန်ုပ်တို့၏တန်ဖိုးများကို ထိန်းသိမ်းသူများနှင့် အလုပ်လုပ်သည်။ ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရန် ပြန်လည်ထုတ်လုပ်သော လယ်ယာစိုက်ပျိုးရေး၊ အသစ်ထွင်ပြောင်းလဲရေး၊ ထုတ်ပိုးမှုအနည်းဆုံး အသုံးပြုရေးတို့ကို ကျင့်သုံးသည့် ပစ္စည်းပေးသွင်းသူများကို ဦးစားပေးပြီး တတ်နိုင်သည့်အခါတိုင်း လေယာဉ်ဖြင့်လာသည့် ကုန်ပစ္စည်းများထက် ဒေသထွက်ကုန်များကို ရွေးချယ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ကို အစာအဟာရများပေးအပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းများအတွက် ပိုကောင်းသည့် တာဝန်ယူမှုရှိသော အလေ့အထများဆီသို့ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းကို တဖြည်းဖြည်းတွန်းပို့သည်။
ပါဝင်ပစ္စည်းများကို ရယူခြင်းအပြင် ကျွန်ုပ်တို့သည် အစားအသောက်အစီအစဉ်တွင် အဓိကကျသော ရေရှည်တည်တံ့ရေးအလေ့အထ နှစ်ခုကို အာရုံစိုက်သည် - ၎င်းတို့မှာ အစားအစာစွန့်ပစ်ပစ္စည်း လျှော့ချရေးနှင့် တစ်ခါသုံးပလတ်စတစ် ဖယ်ရှားရေးတို့ ဖြစ်သည်။ လူများစားသုံးရန် ထုတ်လုပ်ထားသော အစားအစာအားလုံး၏ ၃၅% (သို့) အစားအစာ ၁၃၃ ဘီလီယံပေါင်ခန့် ကို နှစ်စဉ် စွန့်ပစ်နေသည်။ Google ၏ ရေရှည်တည်တံ့ရေးပန်းတိုင်များကို ပံ့ပိုးရန် ကျွန်ုပ်တို့သည် ၂၀၂၅ တွင် ဖို့မြေထဲရောက်ရှိသည့် စွန့်ပစ်အစားအစာ လုံးဝမရှိစေရန် ရည်ရွယ်ထားသည်။ ဘယ်လိုနည်းနဲ့လဲ။ ကျွန်ုပ်တို့ထံတွင် အစားအစာရယူမှုနှင့် ဝယ်ယူမှုအတွင်း စွန့်ပစ်မှုကို တားဆီးရေး၊ ကျွန်ုပ်တို့မီးဖိုချောင်လုပ်ငန်းများတွင် စွန့်ပစ်ပစ္စည်း လျှော့ချသည့် နည်းပညာအသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ မီးဖိုချောင်နှင့် စားသောက်ဆိုင်လေးများကို မြှင့်တင်ရေး၊ ပိုလျှံအစားအသောက်ကို ပြောင်းလဲအသုံးပြုခြင်း (သို့) မှန်ကန်စွာစွန့်ပစ်ခြင်း သေချာစေရေးတို့ကို အာရုံစိုက်သော အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်သည်။ ၂၀၁၄ မှ ၂၀၂၁ အထိ အစားအစာ ပေါင် ၁၀ သန်းနီးပါးကို ဖို့မြေသို့မရောက်အောင် တားဆီးခဲ့သည်။
ကျွန်ုပ်တို့၏ အစားအစာနေရာများတွင် ပလတ်စတစ်လျှော့ချ ရန်လည်း ကြိုးပမ်းလုပ်ဆောင်နေသည်။ ကျွန်ုပ်တို့သည် ပမာဏအမြောက်အများ ဝယ်ယူပြီး တီထွင်ဆန်းသစ်သော၊ ထုတ်ပိုးမှုအနည်းဆုံးဖြစ်သော ထုတ်ကုန်များကို ဖြစ်နိုင်သည့်အခါတိုင်း ရွေးချယ်သည့်အပြင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် သံဇကာအိမ်များ အသုံးပြုခြင်းကို စတင်အကောင်အထည်ဖော်နေသည်။ တစ်ခါသုံး ဒိန်ချဉ်ခွက်များကို အစားထိုးရန် ဒိန်ချဉ်တောင့် စားသုံးမှုပုံစံသစ်ကို အသုံးပြုရန် လေ့လာနေပြီး စွန့်ပစ်အမှိုက်လမ်းကြောင်းမှ တစ်ခါသုံးပါကင်များကို ထုတ်ပယ်ရန်အတွက်လည်း သရေစာများကို ပုံးကြီးများဖြင့် ထည့်ရန်လည်း စီစဉ်နေပါသည်။